Breaking News

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်


   Covid-19 နှင့် ဆောက်လုပ်ရေးကဏ္ဍအပေါ်သက်ရောက်မှုများနှင့်စပ်လျဉ်း၍ ပါဝင်ဆောင်ရွက်နေသူများနှင့် အပြန်အလှန်ဆွေးနွေးပွဲတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်

“အသက်မွေးဝမ်းကျောင်းပညာကျောင်းများကို မိမိအနေဖြင့် အားပေးလိုပါကြောင်း၊ မိမိတို့နိုင်ငံတွင် အသက်မွေးဝမ်းကျောင်းပညာကို ဖွံ့ဖြိုးတိုးတက်သည့် ကဏ္ဍတစ်ခု ဖြစ်သွားစေလိုပါကြောင်း၊ ကမ္ဘာကြီးရှိ အတိုးတက်ဆုံး နိုင်ငံတချို့တွင် အသက်မွေးဝမ်းကျောင်းပညာသည် တက္ကသိုလ်ပညာနှင့် တန်းတူအဆင့် ရှိပါကြောင်း၊ ပြည်သူများသည် အသက်မွေးဝမ်းကျောင်းပညာ ကျောင်းထွက် ဆိုသည်မှာ တက္ကသိုလ်ဘွဲ့ရများနှင့်တန်းတူ၊ အသိပညာရှင်များ၊ အတတ်ပညာ ရှင်များနှင့် တန်းတူသတ်မှတ်ထားခြင်းရှိပါကြောင်း၊ မိမိတို့နိုင်ငံတွင် ကျွမ်းကျင်လုပ်သားများရှိရန်  များစွာလိုအပ်ပါကြောင်း၊ မိမိတို့ပြည်သူများ၏ အလုပ်အကိုင် အရည်အချင်း၊ ကျွမ်းကျင်မှုကို မြှင့်တင်ပေးသည့် ပုံစံမျိုးဖြင့် လုပ်စေချင်ပါကြောင်း”

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်