Breaking News

လျှပ်စစ်စွမ်းအားအင်ဂျင်နီယာဌာန

လျှပ်စစ်စွမ်းအားဘာသာရပ်၏ အဓိကရည်ရွယ်ချက်

   လျှပ်စစ်စွမ်းအားဘာသာရပ်၏အဓိကရည်ရွယ်ချက်မှာ လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း၊ ပို့လွှတ်ခြင်း၊ ဖြန့်ဖြူးခြင်းတို့ ပြုလုပ်ရန်ဖြစ်ပါသည်။ လျှပ်စစ်စွမ်းအားသည် လူသားတို့အတွက် အဓိကကျသော အခန်းကဏ္ဍတွင် ပါ၀င်သည်။ ကျွန်ုပ်တို့၏နေ့စဉ်ဘ၀တွင် လျှပ်စစ်စွမ်းအားကို များစွာအသုံးပြုရသည်။ လူသားတို့အတွက်လိုအပ်သော အပူစွမ်းအင်၊ အလင်းစွမ်းအင်၊ စက်စွမ်းအင်တို့ကို လျှပ်စစ်စွမ်းအင်မှ ပြောင်းလဲပေးသည်။ ထို့ကြောင့် လျှပ်စစ်စွမ်းအားအင်ဂျင်နီယာဘာသာရပ်ကို သင်ကြားရပါသည်။
   A.G.T.I (EP) Diploma အောင်လက်မှတ်ရရှိရန်အတွက် ၃နှစ်ပညာသင်ကြားရပါသည်။ စာသင်နှစ်တစ်နှစ်လျှင် Semester နှစ်ပိုင်းတက်ရပါသည်။ လျှပ်စစ်စွမ်းအားဘာသာရပ်၏ သင်ကြားမှုစနစ်မှာ စာတွေ့ (60%) နှင့် လက်တွေ့(40%)ဖြစ်ပါသည်။ စာသင်နှစ်တစ်နှစ်အပြီးတွင် ပထမနှစ်နှင့် ဒုတိယနှစ် ကျောင်းသား/ကျောင်းသူများမှ လက်တွေ့ကွင်းဆင်းလေ့လာမှုများကို တစ်လပြုလုပ်ရပါသည်။ တတိယနှစ်ကျောင်းသား/ကျောင်းသူများမှာ လုပ်ငန်းခွင်လေ့လာမှုများကို ၃လ ပြုလုပ်ရပါသည်။

အလုပ်အကိုင်အခွင့်အလမ်း

   A.G.T.I (EP) Diploma အောင်လက်မှတ်ရရှိပါက လုပ်ကိုင်နိုင်မည့် အလုပ်အကိုင်အခွင့်အလမ်းများမှာ ၀န်ကြီးဌာနအသီးသီးမှာရှိတဲ့ အင်ဂျင်နီယာဌာနများနှင့် စက်ရုံများရှိ အင်ဂျင်နီယာဌာနများတွင် ဝင်ရောက်လုပ်ကိုင်နိုင်ပါသည်။


         လျှပ်စစ်စွမ်းအားအင်ဂျင်နီယာဌာနရှိ ဆရာ/ဆရာမများ

စဉ်အမည်ရာထူးပညာအရည်အချင်း
ဒေါ်ကြူကြူသင်းကထိကB.E(EP)Q
ဒေါ်စီစီစိန်လက်ထောက်ကထိကB.E(EP)
‌ဒေါ်သီရိသဇင်နှင်းလက်ထောက်ကထိကB.E(EP)
ဒေါ်ဝင်းဝင်းဖြိုးလက်ထောက်ကထိကM.E(EP)
ဒေါ်ယဉ်ယဉ်ခိုင်လက်ထောက်ကထိကM.E(EP)
ဦးကောင်ဆာရ်းနည်းပြB.E(EP)
‌ဒေါ်ခန်ထီးနန်ရမ်နည်းပြB.E(EP)
ဦးဂွမ်ရိန်ဒီးအောင်ဓါတ်ခွဲကျွမ်းကျင်(၄)AGTI(EP)
ဒေါ်ခမ်လွမ်းဆာရာဓါတ်ခွဲကျွမ်းကျင်(၄)AGTI(EP)

               ကျောင်းတွင်းလှုပ်ရှားမှုပုံရိပ်များ

၁။ Repetitive Operation System အကြောင်း

   Repetitive Operation System အကြောင်းကို တတိယနှစ် ကျောင်းသား/သူများအား Onlineမှ Zoom Systemဖြင့် သင်ကြားပေးလျှက်ရှိပါသည်။
   Repetitive Operation System ဆိုသည်မှာ Motor များကို အဆင့်ဆင့်မောင်းနှင်ပြီး နောက်တစ်ကြိမ် auto ပြန်လည် လည်ပတ်မောင်းနှင်ချင်သောအခါ အသုံးပြုပါသည်။ Repetitive Operation System ကို Traffic Light, Water Fountain, Motorများကို အဆင့်ဆင့်မောင်းနှင်ရသော နေရာများတွင် အသုံးပြုပါသည်။


၂။ တတိယနှစ်သင်တန်းအား Electrical Estimating ဘာသာရပ် Sharing ပြုလုပ်ခြင်း

၃။ Repairing of an Electric Pan from Home Appliances

   အိမ်တွင်းလျှပ်စစ်ပစ္စည်းများပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများထဲမှ လျှပ်စစ်ဒယ်အိုးတစ်လုံးအားပြုပြင်တပ်ဆင်ခြင်းကို ပထမနှစ် ကျောင်းသား/သူများအား Onlineမှ သင်ကြားပေးခြင်းဖြစ်ပါသည်။

၄။ Series and Parallel Operations of Resistor

   Series and Parallel Operations of Resistor အကြောင်းကို Basic Electrical Training System Board ဖြင့် စမ်းသပ်ပုံအား ဒုတိယနှစ် ကျောင်းသား/သူများအား Onlineမှ Zoom System အသုံးပြု၍ သင်ကြားပေးခြင်းဖြစ်ပါသည်။