Breaking News

လျှပ်စစ်နှင့်ဆက်သွယ်ရေး အင်ဂျင်နီယာဌာန

   အီလက်ထရွန်ဆက်သွယ်ရေးအင်ဂျင်နီယာပညာရပ်တွင် စနစ်မျိုးစုံ၌ အသုံးပြုထားသောအီလက်ထရွန်ပစ္စည်း ကိရိယာတန်ဆာပလာများနှင့် အီလက်ထရွန်နည်းပညာစနစ်များကို လေ့လာစမ်းသပ်စစ်ဆေးခြင်း၊ ပိုမိုတိုးတက်ကောင်းမွန်အောင် ပြုပြင်ဖန်တီးခြင်း၊ ပုံစံသစ်များရေးဆွဲထုတ်လုပ်ခြင်း၊ သုတေသနပြု လေ့လာခြင်း အစရှိသည့် ပညာရပ်များ ပါဝင်ပါသည်။ အီလက်ထရွန်ဆက်သွယ်ရေးအင်ဂျင်နီယာများ၏ တာဝန်မှာ ဆက်သွယ်ရေးစနစ်နှင့် ရုပ်မြင်သံကြားထုတ်လွှင့်မှုစနစ်များ အစရှိသည့် ထုတ်လွှင့်ခြင်းများ လုပ်ဆောင်နိုင်ရန်အတွက် အီလက်ထရွန်နည်းပညာစနစ်များကို အသုံးပြု၍ အမြင်သဘောထားများဖြင့် တွေးတောယူဆခြုံငုံသုံးသပ်ခြင်း၊ ၎င်းစနစ်များနှင့် စနစ်၌အသုံးပြုထားသောအီလက်ထရွန်ပစ္စည်း ကိရိယာပစ္စည်းများကို ကြီးကြပ်ကွပ်ကဲခြင်း များကို ပြုလုပ်ရပါသည်။

   အစိုးရစက်မှုလက်မှုသိပ္ပံ(ပူတာအို)တွင် လျှပ်စစ်နှင့်ဆက်သွယ်ရေး အင်ဂျင်နီယာဌာနအနေဖြင့် သင်တန်း သီးသန့် မရှိတော့ပါ။ ပူတာအိုဒေသအတွင်း လိုအပ်ချက်ပေါ်မှာမူတည်ပြီး သက်ဆိုင်ရာသင်တန်းများကို ရွေးချယ်ဖွင့်လှစ်ရသောကြောင့် ဖြစ်ပါသည်။ ပူတာအိုခရိုင်အတွင်း လိုအပ်လျှက်ရှိသော သုတနည်းပညာပညာရပ်နှင့်ပတ်သက်သည့် ကာလတိုသင်တန်းများ (အခြေခံကွန်ပျူတာသင်တန်းများ နှင့် Photoshop_CS3 ကျွမ်းကျင်မူသင်တန်းများ) နှင့် အစိုးရစက်မှုလက်မှုသိပ္ပံ(ပူတာအို)ကျောင်းအတွင်းရှိ သင်ကြားရေးဆရာ/ဆရာမများ အရည်အသွေးမြှင့်တင်ရေးအတွက် ကွန်ပျူတာသင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျှက်ရှိပါသည်။


    လျှပ်စစ်နှင့်ဆက်သွယ်ရေး အင်ဂျင်နီယာဌာနရှိ ဆရာ/ဆရာမများ

စဉ်အမည်ရာထူးပညာအရည်အချင်း
ဦးကျော်မင်းထွန်းလက်ထောက်ကထိကT.T.T.I(EC)
ဦးဆရက်ဂဟမ်ဒီးရမ်လက်ထောက်ကထိကB.E(EC) at SMVTI
ဦးဆာမိုးဆာနည်းပြB.E(EC)
ဦးဂျုံဆားရ်ဓါတ်ခွဲကျွမ်းကျင်(၄)AGTI(EC)