Breaking News

စက်မှုအင်ဂျင်နီယာဌာန

စက်မှုအင်ဂျင်နီယာဌာန၏ အဓိကရည်ရွယ်ချက်

   စက်မှုအင်ဂျင်နီယာပညာရပ်သည် ၁၈ရာစု ဥရောပတွင် စက်မှုတော်လှန်ရေးအတွင်း ပညာရပ်နယ်ပယ်တခုအဖြစ် ပေါ်ထွက်လာခဲ့သည်။ ဤပညာရပ်သည် အဆက်မပြတ်ဆိုသလို ဖြစ်ပေါ်တိုးတက်လာခဲ့ရာ ယနေ့ခေတ် စက်မှုနည်းပညာဆိုင်ရာနယ်ပယ်များ ပိုမိုတိုးတက်လာနိင်စေရန် တီထွင်ဖန်တီးနိုင်စွမ်းမြင့်မား၍ အရည်အသွေးပြည့်ဝသော စက်မှုအင်/ယာ များ မွေးထုတ်ပေးနိုင်ရန် ရည်ရွယ်ပါသည်။


စက်မှုအင်ဂျင်နီယာ ဘာသာရပ် မိတ်ဆက်

   စက်မှုအင်ဂျင်နီယာဘာသာရပ်တွင် တီထွင်ရေးဆွဲခြင်း၊ စီစစ်ပိုင်းခြားလေ့လာခြင်း ထုတ်လုပ်ခြင်း နှင့် ထိန်းသိမ်းခြင်းစသည့် လုပ်ငန်းစဉ်များကို လုပ်ဆောင်ကြရပါသည်။ စက်မှုအင်ဂျင်နီယာပညာရပ်သည် အခြားသောအင်ဂျင်နီယာပညာရပ်များနှင့် အနည်းအများဆိုသလို ပက်သက်ဆက်နွယ်နေပါသည်။

   စက်မှုအင်ဂျင်နီယာများသည် ကုန်ထုတ်စက်ရုံများ၊ စက်မှုလုပ်ငန်းကိရိယာများ၊ လုပ်ငန်းသုံးစက်ယန္တရားကြီးများ ၊ အပူအအေးစက်ပစ္စည်းများ၊ ပို့ဆောင်ရေးစနစ်များ၊ လေယာဉ်၊ ရေယာဉ်၊ စက်ရုပ်၊ ဆေးပစ္စည်းကိရိယာများ၊ စစ်လက်နက်များနှင့် အခြားသော ပစ္စည်းများကို ဒီဇိုင်းရေးဆွဲခြင်း ၊ တီထွင်ထုတ်လုပ်ခြင်းများ ပြုလုပ်နိုင်သည်။ အသေးစိတ်လေ့လာဆန်းစစ်ရန် ကွန်ပျူတာထောက်ကူဒီဇိုင်း(CAD)၊ ကွန်ပျူတာထောက်ကူထုတ်လုပ်ခြင်း(CAM)၊ ထုတ်ကုန်သက်တမ်းစီမံတွက်ချက်မှုကဲ့သို့သော ကိရိယာများကို အသုံးချကြရသည်။ စက် သို့မဟုတ် စက်ယန္တရားကြီးများ မောင်းနှင်လည်ပတ်ခြင်း၊ ထုတ်လုပ်ခြင်း၊ ပုံစံရေးဆွဲခြင်းများနှင့် ပက်သက်သောပညာရပ်တခုလည်းဖြစ်သည့်အတွက် ၎င်းနှင့်ဆက်နွယ်သော ဘာသာရပ်များကို လေ့လာသင်ကြားကြရမည် ဖြစ်ပါသည်။

   AGTI(Mechanical) Diploma အောင်လက်မှတ်ရရှိနိုင်ရန်အတွက် ၃နှစ် ပညာသင်ကြားရမည်ဖြစ်ပြီး စာသင်နှစ် တနှစ်တွင် စာမေးပွဲကြီး ၂ကြိမ်ဖြေဆိုရမည်ဖြစ်ပါသည်။  စက်မှုနည်းပညာဘာသာရပ်၏ သင်ကြားမှုစနစ်မှာ လက်တွေ့ ၆၀% နှင့် စာတွေ့ ၄၀% ဖြစ်ပါသည်။ စာသင်နှစ် တနှစ်အပြီးတွင် ပထမနှစ်ကျောင်းသား ကျောင်းသူများမှာ လက်တွေ့ကွင်းဆင်းလေ့လာမှုများပြုလုပ်ရမည်ဖြစ်သည်။ ဒုတိယနှစ်ကျောင်းသား ကျောင်းသူများမှာ လက်တွေ့လုပ်ဆောင်မှုတခုကို တစ်လ ပြုလုပ်ရမည်ဖြစ်သည်။ တတိယနှစ်ကျောင်းသား ကျောင်းသူများမှာ လုပ်ငန်းခွင်သွားရောက်လေ့လာမှုများကို ၃လ ပြုလုပ်ရမည်ဖြစ်သည်။


            စက်မှုအင်ဂျင်နီယာဌာနရှိ ဆရာ/ဆရာမများ

စဉ်အမည်ရာထူးပညာအရည်အချင်း
ဒေါ်အေးမြင့်စန်းလက်ထောက်ကထိကB.E(Mech)
ဒေါ်ခင်စောဖြူလက်ထောက်ကထိကB.E(Mech)
‌ဒေါ်ပန်းအိဖြူလက်ထောက်ကထိကB.E(Mech)
ဦးနော်အောင်ဂျတ်နည်းပြB.E(Mech)
ဦးဒိန်ခန်ဒူခေါ်ဓါတ်ခွဲကျွမ်းကျင်(၄)AGTI(Mech)


ကာလတိုသင်တန်းများ

   Polytechnic Training ကာလတိုသင်တန်းများအားလည်း အခါအားလျော်စွာ ဖွင့်လှစ်သင်ကြားပေးနေပါသည်။ ကာလတိုသင်တန်းများသင်ကြားရခြင်းအကြောင်းအရင်းမှာ အသက်မွေးဝမ်းကြောင်းပညာကို စိတ်ဝင်စားသော်လည်း အကြောင်းအမျိုးမျိုးကြောင့် မတက်ရောက်နိုင် (ဥပမာ အတန်းပညာလိုအပ်ချက်ကြောင့်) သော သူများကိုအမှန်တကယ် တက်မြောက်အောင် သင်ကြားပေးပီး မိမိ ဘဝကို မိမိ ရပ်တည်နိုင်သော အခြေအနေထိဖြစ်စေရန်သာမက မိမိဒေသပတ်ဝန်းကျင်တွင် အကျိုးပြုနိုင်စေရန် ရည်ရွယ်၍ သင်ကြားပေးခြင်းဖြစ်ပါသည်။
ဖွင့်လှစ်သင်ကြားပေးသော သင်တန်းများမှာ
၁။ Welding (ဂဟေဆက် နည်းပညာ) သင်တန်း _ ၃ ပတ်
၂။ Single Cylinder (Petrol & Diesel Engine) သင်တန်း _ ၁ လ တို့ ဖြစ်ပါသည်။


ကျောင်းတွင်းလှုပ်ရှားမှုပုံရိပ်များ

၁။ ကျောင်းများပိတ်ထားချိန်ကာလတွင် အရည်အချင်းမြှင့်တင်ခြင်း  သင်တန်းများတက်ခြင်း၊ အသိပညာနှီးနှောဖလှယ်ခြင်းများ ပြုလုပ်ခဲ့ကြသည်။


၂။ ယခု ၂၀၂၀ ခုနှစ်အတွင်း တကမ္ဘာလုံးရင်ဆိုင်ကြုံတွေ့နေရသော Covid 19 ဖြစ်ပွားနေချိန် ကျောင်းများအားလုံး ယာယီပိတ်ထားရသည့်အချိန်တွင် ရောဂါဖြစ်ပွားမှုမှ ထိန်းချုပ် ကာကွယ်နိုင်စေရန် လိုအပ်သော ခြေနင်း လက်ဆေးကန်များ ၊ လက်သန်ဆေးရည်စင်များ ကို ဌာနရှိ ဆရာ၊ ဆရာမများ အင်အားဖြင့် ပူးပေါင်းလုပ်ဆောင်မှုများ ပြုလုပ်ခဲ့ကြသည်။