Breaking News

သုတနည်းပညာအင်ဂျင်နီယာဌာန

   သုတနည်းပညာ အင်ဂျင်နီယာပညာရပ်ဆိုသည်မှာ ကွန်ပျူတာကိုအသုံးပြု၍ သတင်းအချက်အလက်များပေးပို့ခြင်း၊ သိုလှောင်သိမ်းဆည်းခြင်း၊ ပြန်လည်သိမ်းယူခြင်းများကို နည်းပညာဖြင့် ကျွမ်းကျင်ပိုင်နိူင်စွာ ကိုင်တွယ်အသုံးပြုခြင်း နည်းပညာဖြစ်သည်။ သုတနည်းပညာကို အများအားဖြင့် ဖျော်ဖြေရေးကဏ္ဍအတွက်မဟုတ်ပဲ ပညာရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍနှင့်သက်ဆိုင်သော နယ်ပယ်အားလုံးရှိ လုပ်ငန်းများအတွက် လိုအပ်သော သတင်းအချက်အလက်များအတွက် အသုံးပြုလေ့ရှိကြပါသည်။ သုတနည်းပညာအင်ဂျင်နီယာပညာရပ်ကို သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ (ICT) ၏ ဘာသာရပ်ခွဲ တစ်ခုအဖြစ် ယူဆထားပါသည်။ သုတနည်းပညာအင်ဂျင်နီယာပညာရပ်ဆိုသည်မှာ သတင်းအချက်အလက်နှင့်သက်ဆိုင်သည့်စနစ်၊ ဆက်သွယ်ရေးနည်းပညာနှင့် သက်ဆိုင်သည့်စနစ်၊ အတိအကျပြောရမည်ဆိုလျှင် Hardware and Software စသည့် အီလက်ထရွန်ပစ္စည်း ကိရိယာပစ္စည်းများဖြင့် ပါဝင်ဖွဲ့စည်းထားသော ကွန်ပျူတာများနှင့် ၎င်းစနစ်များကို လေ့လာသည့် နည်းပညာပညာရပ်ဖြစ်သည်။
   အစိုးရစက်မှုလက်မှုသိပ္ပံ(ပူတာအို)တွင် သုတနည်းပညာဘာသာရပ်အနေဖြင့် သင်တန်း သီးသန့် မရှိသေးပါ။ သို့သော် ပူတာအိုခရိုင်အတွင်း လိုအပ်လျှက်ရှိသော သုတနည်းပညာပညာရပ်နှင့်ပတ်သက်သည့် ကာလတိုသင်တန်းများ(အခြေခံကွန်ပျူတာသင်တန်းများနှင့် Photoshop-CS3 ကျွမ်းကျင်မူသင်တန်းများ)နှင့် အစိုးရစက်မှုလက်မှုသိပ္ပံ(ပူတာအို)ကျောင်းအတွင်းရှိ သင်ကြားရေးဆရာ/ဆရာမများ အရည်အသွေးမြှင့်တင်ရေးအတွက် ကွန်ပျူတာသင်တန်းများကိုလည်း စဉ်ဆက်မပြတ် ဖွင့်လှစ်ပေးလျှက်ရှိပါသည်။
   ထို့အပြင် ပူတာအိုခရိုင်အတွင်းရှိ ဌာနဆိုင်ရာလုပ်ငန်းများတွင် ITနှင့်ပတ်သက်သော အခက်အခဲများ၊ ကွန်ပျူတာနှင့်ပတ်သက်သော လစ်လပ်ရာထူးများခန့်ထားနိုင်ရေးအတွက် ကွန်ပျူတာဘာသာရပ် အရည်အချင်းစစ်စာမေးပွဲများ စစ်ဆေးပေးခြင်းများဖြင့် ကူညီလုပ်ဆောင်ရွက်ပေးလျှက်ရှိပါသည်။

သုတနည်းပညာအင်ဂျင်နီယာဌာနမှ သင်ကြားပေးလျှက်ရှိသော သင်တန်းများ

၁။ အခြေခံကွန်ပျူတာသင်တန်း       <<< ဤနေရာတွင် နှိပ်ပါ။

၂။ Photoshop CS3 ကျွမ်းကျင်မူသင်တန်း   <<< ဤနေရာတွင် နှိပ်ပါ။


            ခရိုင်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန(ပူတာအိုမြို့)
      ကွန်ပျူတာဘာသာရပ် အရည်အချင်းစစ်စာ​မေးပွဲကျင်းပခြင်း မှတ်တမ်းဓာတ်ပုံများ

             သုတနည်းပညာ အင်ဂျင်နီယာဌာနရှိ ဆရာ/ဆရာမများ

ဓာတ်ပုံထည့်ရန်

စဉ် အမည် ရာထူး ပညာအရည်အချင်း
ဒေါ်သူဇာအောင်
လက်ထောက်ကထိက M.C.Sc.