Breaking News

မြို့ပြအင်ဂျင်နီယာ

   အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းရှိ AGTI(Civil) Diploma အောင်လက်မှတ်ရရှိရန် (၃)နှစ် ပညာသင်ကြားရမည်ဖြစ်ပြီး တစ်နှစ်လျှင် စာမေးပွဲ (၂)ကြိမ် ဖြေဆိုရမည် ဖြစ်ပါသည်။ မြို့ပြအင်ဂျင်နီယာဘာသာရပ်၏  သင်ကြားမှုစနစ်မှာ လက်တွေ့ ၆၀%  နှင့် စာတွေ့ ၄၀% ဖြစ်ပါသည်။ စာသင်နှစ်တစ်နှစ်အပြီးတွင် ပထမနှစ်ကျောင်းသားများမှာ သက်ဆိုင်ရာ တည်ဆောက်ရေးလုပ်ငန်းခွင်များတွင် လေ့လာရေး ကွင်းဆင်းရပါသည်။ ဒုတိယနှစ်ကျောင်းသားများမှာ ကျောင်းတွင်း Project Show ပြိုင်ပွဲပြုလုပ်ပါသည်။ တတိယနှစ်ကျောင်းသားများမှာ လုပ်ငန်းခွင်လေ့လာရေး (Internship) ၃လ ဆင်းရပါသည်။ တတိယနှစ်စာမေးပွဲကို အရည်အချင်းပြည့်မှီစွာ အောင်မြင်သူများသည် သက်ဆိုင်ရာနည်းပညာတက္ကသိုလ်များသို့ ဆက်လက်ပညာသင်ခွင့် ရရှိနိုင်မည် ဖြစ်ပါသည်။

               သင်ရိုးညွှန်းတမ်း (Course)

သင်တန်း သင်ကြားရမည့် ဘာသာရပ်များ တစ်ပတ် စာသင်ချိန်
ပထမနှစ် * Building Materials & Construction
* Civil Engineering Drawing
* Workshop


ဒုတိယနှစ် * Structures
* Building Materials & Construction
* Fluid Mechanics
* Roads & Bridges
* Elementary Surveying
* Civil Engineering Drawing
* Workshop






တတိယနှစ် * Design of Concrete Structure
* Fundamental of Timber, Steel & Concrete Structure
* Building Services
* Railway & Irrigation
* Surveying
* Estimating & Specification
* Civil Engineering Drawing
* Workshop







   စာသင်ချိန်တစ်ချိန်လျှင် (၁)နာရီ၊ တစ်နေ့လျှင် (၇)ချိန်၊ တစ်ပတ်လျှင် (၃၅)ချိန် သင်ကြားရပါသည်။ ဘာသာရပ်ဆိုင်ရာ လက်တွေ့(Practical)လုပ်ငန်းများ နှင့် တတ်မြောက်မှုစစ်ဆေးခြင်း(Tutorial) လုပ်ငန်းများကို အပတ်စဉ်ဆောင်ရွက်ရပါသည်။


အရည်အချင်းသတ်မှတ်သည့်စနစ် (Grading System)

၁။  Exam marks : 81 to 100 (Grade _ A)
၂။  Exam marks : 61 to 80 (Grade _ B)
၃။  Exam marks : 41 to 60 (Grade _ C)
၄။  Exam marks : 21 to 40 (Grade _ D)
၅။  Exam marks : 0 to 20 (Grade _ E)