Breaking News

နောက်ခံ သမိုင်း​ကြောင်း

   အစိုးရစက်မှုလက်မှုသိပ္ပံ(ပူတာအို)ကို ၂၀၀၉ခုနှစ်၊ ဧပြီလ(၃၀)ရက်နေ့တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ်(၁၆/၂၀၀၉)မှ ခွင့်ပြုချက်အရ (၅.၅.၂၀၀၉)နေ့တွင် အသစ်တိုးချဲ့ ဖွဲ့စည်းခွင့်ပြုခဲ့ပါသည်။ အစိုးရစက်မှုလက်မှုသိပ္ပံ(ပူတာအို)ကို ၂၀၀၉ခုနှစ် ဒီဇင်ဘာလတွင် စတင်ဖွင့်လှစ် သင်ကြားခဲ့ပါသည်။

တည်နေရာ နှင့် အကျယ်အဝန်း

   ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ပူတာအိုမြို့နယ်၊ ပူတာအိုမြို့တောင်ဘက် ပူတာအို-မြစ်ကြီးနားလမ်းဘေး ဒုတ္တန်ရေကန်အနီး ဒုတ္တန်ရပ်ကွက်(၅)တွင် တည်ရှိပါသည်။

   ကျောင်းမြေနေရာ အကျယ်အဝန်းသည် ကျောင်းစတင်တည်ထောင်စဉ်မှာ (၅)ဧကရှိပြီး ၂၀၂၀ခုနှစ် နိုဝင်ဘာလတွင် (၅)ဧက တိုးချဲ့ခွင့်ရရှိခဲ့ပါသဖြင့် စုစုပေါင်း (၁၀)ဧက ဖြစ်ပါသည်။


ကျောင်းစတင် တည်ထောင်စဉ် ဓာတ်ပုံမှတ်တမ်း
  • နိုင်ငံ၏ လိုအပ်ချက်ဖြစ်သော နည်းပညာဖြင့် အသက်မွေးဝမ်းကျောင်းပြုနိုင်သည့် ကျွမ်းကျင်လုပ်သားများကို မွေးထုတ်ပေးရန်နှင့် နိုင်ငံသူ၊ နိုင်ငံသားတို့က သက်မွေးပညာရပ်ကို ပထမတန်းစားပညာရပ်ဟု ရှုမြင်လာသည်အထိ အဆင့်မြင့်တင်ပေးသွားရန်တို့ ဖြစ်ပါသည်။
စဉ်အမည်ပညာအရည်အချင်းတာဝန်ထမ်းဆောင်ခဲ့သည့်ကာလ
၁။ဦး သန်းခိုင်B.E(Mech)၂၀၀၉
၂။ဒေါက်တာသင်းသင်းမော်Ph.D(Mech)၂၀၀၉
၃။ဒေါက်တာမင်းမင်းဦးPh.D(EP)၂၃.၅.၂၀၀၉ မှ ၂.၇.၂၀၁၀ ထိ
၄။ဒေါက်တာဆန်းလှိုင်ဦးPh.D(EC)၃.၇.၂၀၁၀ မှ ၂၇.၁၁.၂၀၁၁ ထိ
၅။ဒေါက်တာမျိုးမင်းသန့်Ph.D(Mech)၉.၂.၂၀၁၁ မှ ၂၁.၈.၂၀၁၁ ထိ
၆။ဦး ဩဩကျော်M.E(Mech)၂၁.၈.၂၀၁၁ မှ ၃၀.၆.၂၀၁၇ ထိ
၇။ဦး ဝင်းမင်းဆန်းM.E(EP)၃၁.၆.၂၀၁၇ မှ ၁၉.၅.၂၀၁၈ ထိ
၈။ဦး မောင်မောင်သန့်M.E(EC)၁၉.၅.၂၀၁၈ မှ ယနေ့ထိ