Breaking News

ပေးအပ်​သော ဘွဲ့ဒီဂရီများ

   AGTI ဒီပလိုမာလက်မှတ်မှာ ပညာရေးဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနအောက်ရှိ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း(ပူတာအို)၌ ဖွင့်လှစ်သင်ကြားလျှက်ရှိသော အထူးပြုဘာသာရပ်များတွင် ပညာသင်ကာလ(၃)နှစ် အောင်မြင်ပြီးမြောက်ပြီးမှာသာ ရရှိသောလက်မှတ် ဖြစ်ပါသည်။

အစိုးရစက်မှုလက်မှုသိပ္ပံ(ပူတာအို)တွင် ပေးအပ်လျှက်ရှိသော ဒီပလိုမာလက်မှတ်များမှာ

  1. ဒီပလိုမာ(မြို့ပြ)
  2. ဒီပလိုမာ(လျှပ်စစ်စွမ်းအား)
  3. ဒီပလိုမာ(စက်မှု)

   ကာလတိုသင်တန်းဆင်းလက်မှတ်မှာ ပညာရေးဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနအောက်ရှိ အစိုးရစက်မှုလက်မှုသိပ္ပံများ နှင့် အစိုးရနည်းပညာအထက်တန်းကျောင်းများ၌ ဖွင့်လှစ်သင်ကြားနေသော ကာလတိုသင်တန်းများတွင် တက်ရောက်အောင်မြင်ပြီးမြောက်ပြီးမှာသာ ရရှိသောလက်မှတ် ဖြစ်ပါသည်။

အစိုးရစက်မှုလက်မှုသိပ္ပံ(ပူတာအို)တွင် ပေးအပ်လျှက်ရှိသော ကာလတိုသင်တန်းဆင်းလက်မှတ်များမှာ

  1. အခြေခံကွန်ပျူတာသင်တန်း
  2. အခြေခံအိမ်တွင်းလျှပ်စစ်ဝါယာသွယ်တန်းခြင်းသင်တန်း
  3. အခြေခံအုတ်စီသင်တန်း
  4. အခြေခံလက်သမားသင်တန်း
  5. အခြေခံဂဟေဆက်သင်တန်း
  6. အခြေခံဒစ်ဂျစ်တယ်အီလက်ထရောနစ်သင်တန်း
AGTI ဒီပလိုမာလက်မှတ်ကာလတိုသင်တန်းဆင်းလက်မှတ်