Breaking News

နယ်မြေအထွေထွေဌာန

   နယ်မြေအထွေထွေဌာန၏ လုပ်ငန်းတာဝန်များမှာ ဝင်းခြံ၊ အဆောက်အုံ၊ လမ်းတို့၏ မြို့ပြဆိုင်ရာ ပြင်ဆင်ထိန်းသိမ်းရေးလုပ်ငန်းများကို စီမံကိန်းရေးဆွဲတင်ပြအကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ စိမ်းလန်းစိုပြေရေး လုပ်ငန်းများအတွက်  လိုအပ်သလိုဆောင်ရွက်ခြင်း၊ လျှပ်စစ်မီး အဆက်မပြတ်ရရှိရေးအတွက် လျှပ်စစ်ဓါတ်အားရုံများ၊ လျှပ်စစ်ဓါတ်အားလိုင်းများကို ကြီးကြပ်၍ ဓါတ်အားဖြန့်ဝေခြင်း၊ အဆောက်အအုံများ၏ အတွင်းအပြင် လျှပ်စစ်ဆိုင်ရာပြင်ဆင်ထိန်းသိမ်းမှုများ ဆောင်ရွက်ခြင်း၊ အရေးပေါ် လျှပ်စစ်ပြင်ဆင်ရေးအတွက် တာဝန်ချထားဆောင်ရွက်ခြင်း၊ လျှပ်စစ်အန္တရာယ်မရှိစေအောင် ကြိုတင်ကာကွယ်မှုများ စီမံဆောင်ရွက်ခြင်း၊ ရုံးသုံးစက်ပစ္စည်းများအား စာရင်းပြုစုမှတ်တမ်းတင်ထားရှိခြင်း၊ ပုံမှန်ကြံ့ခိုင်မှုစစ်ဆေးခြင်း၊ ကွန်ပျူတာ၊ ပရင်တာ စသည့် ရုံးသုံးစက်ပစ္စည်းကိရိယာများပြုပြင်ရန် လိုအပ်ပါက ပြုပြင်ခြင်း၊ ထိန်းသိမ်းခြင်း၊ ရုံးသုံးစက်ပစ္စည်းများ ကိရိယာများ ပြုပြင်ရန်လိုအပ်ပါက ပြုပြင်ခြင်း၊ ထိန်းသိမ်းခြင်း၊ ရုံးသုံးစက်ပစ္စည်းများ ဖြည့်ဆည်းရေးအတွက် ကြိုတင်တွက်ချက် စာရင်းပြုစတင်ပြုခြင်း၊ ရုံးသုံးစက်ပစ္စည်း ချို့ယွင်းမှုကြောင့် လုပ်ငန်းများလည်ပတ်မှုမရပ်ဆိုင်းစေရန် ကြီးကြပ်ဆောင်ရွက်ခြင်းတို့ဖြစ်ပါသည်။

နယ်မြေအထွေထွေဌာနဌာနရှိ ဝန်ထမ်းအင်အားစာရင်း

စဉ် အမည် ရာထူး ပညာအရည်အချင်း
ဦးတန်ရှင်ဖုန် လုံခြုံရေး(၅) (၅)တန်းအောင်
ဒေါ်မဖန်းနင်ဆားရ် သန့်ရှင်းရေး (၄)တန်းအောင်