Breaking News

သင်ကြားရေးဌာနများ၏ လုပ်ငန်းတာဝန်ဝတ္တရားများ

၁။ ဌာနမှူး(ဘာသာရပ်)၏ တာဝန်ဝတ္တရားများ

  • ကျောင်းအုပ်ကြီးအား တာဝန်ခံခြင်း။
  • မိမိဌာနရှိ သင်တန်းအလိုက် ဘာသာရပ်အလိုက် အချိန်ဇယားများ ရေးဆွဲခြင်းနှင့်သင်ကြားရေး ဆရာ၊ ဆရာမများအား ရာထူးအလိုက် ဘာသာရပ်များ မျှတာစွာ ခွဲဝေသတ်မှတ် သင်ကြားပို့ချစေခြင်း။
  • သင်ရိုးညွှန်းတမ်းများနှင့်အညီ သင်ကြားပို့ချပေးခြင်း၊ လက်တွေ့ပြသခြင်း။
  • အခါအားလျှော်စွာ သင်ရိုးညွှန်းတမ်းများ ပြုပြင်ရေးဆွဲခြင်း။
  • စာမေးပွဲမေးခွန်းများပြုစုခြင်း၊ စာမေးပွဲအဖြေလွှာများ စစ်ဆေးခြင်း၊ စာမေးပွဲအောင်စာရင်းထုတ်ပြန်ခြင်း။
  • သင်တန်းသုံးစာအုပ်စာစောင်များအတွက် စာမူများရေးသားပြုစုခြင်း၊ သုတေသနလုပ်ငန်းများ  လုပ်ဆောင်ခြင်း။
  • ဌာနရှိ ဓါတ်ခွဲခန်းများကို ကြီးကြပ် ဆောင်ရွက်ခြင်း၊ ဓါတ်ခွဲခန်းသုံး ပစ္စည်းများကို ထိန်းသိမ်းစောင့်ရှောက်ခြင်း လုပ်ငန်းများကိုကြီးကြပ်ခြင်း။
  • ဆရာ၊ဆရာမများ၏ ပညာအရည်အချင်းနှင့် သင်ကြားရေးစွမ်းရည်တိုးတက်မြှင့်မားစေရေး စီမံဆောင်ရွက်ခြင်း။
  • သင်ကြားရေးဆရာ၊ဆရာမများ၏ သင်ကြားရေးအခက်အခဲများကို ကူညီဖြေရှင်းပေးခြင်း။
  • မိမိဌာနရှိ သင်ကြားရေးဝန်ထမ်းများ၏ စာတွေ့လက်တွေ့ သင်ကြားပြီးစီးမှု အခြေအနေများ အချိန်နှင့်တပြေးညီ ဆောင်ရွက်ပြီးစီးမှု ရှိ/မရှိ ကြည့်ရှုစစ်ဆေးခြင်း။
  • လက်တွေ့သင်ခန်းစာများကို ကျွမ်းကျင်ပိုင်နိုင်စွာ လက်တွေ့သရုပ်ပြခြင်း။
  • လက်တွေ့ခန်း/ဓါတ်ခွဲခန်းများရှိ စက်ကိရိယာပစ္စည်းများကို ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် လက်တွေ့သင်တန်းများအတွက် စနစ်တကျထုတ်ပေးခြင်း၊ ကုန်ကျမှုမှတ်တမ်းထိန်းသိမ်းခြင်းများကို စိစစ်ကြီးကြပ်ခြင်း။
  • စက်ကိရိယာကိုင်တွယ်မှုများကို ကျွမ်းကျင်မှုရှိအောင် သင်ကြား လေ့ကျင့်ပေးခြင်း။
  • ကျောင်းသား၊ကျောင်းသူများ ကျောင်းပုံမှန်တက်ရောက်ရန်နှင့် သင်ကြားပို့ချသည့် ဘာသာရပ်များ လေ့လာကျက်မှတ်နားလည်စေရန် သွန်သင်ဆုံးမခြင်း၊ လမ်းညွှန်မှာကြားခြင်း။
  • ကျောင်းသား၊ကျောင်းသူများ အကျင့်စာရိတ္တကောင်းမွန်ရေး၊ သတ်မှတ်ထားသော စည်းကမ်းများအတိုင်း လိုက်နာဆောင်ရွက်စေရန် သွန်သင်ဆုံးမပေးခြင်း။

၂။ အင်ဂျင်နီယာမှူး(အလုပ်ရုံဌာန)၏ တာဝန်ဝတ္တရားများ

  • ကျောင်းအုပ်ကြီးအား တာဝန်ခံခြင်း။
  • မိမိဌာနရှိ သင်တန်းအလိုက် ဘာသာရပ်အလိုက် အချိန်ဇယားများ ရေးဆွဲခြင်းနှင့် သင်ကြားရေးဆရာ၊ဆရာမများအား ရာထူးအလိုက် ဘာသာရပ်များ မျှတစွာ ခွဲဝေသတ်မှတ်သင်ကြားပို့ချစေခြင်း။
  • သင်ရိုးညွှန်းတမ်းများနှင့်အညီ သင်ကြားပို့ချပေးခြင်း၊လက်တွေ့ပြသခြင်း။
  • အခါအားလျှော်စွာ သင်ရိုးညွှန်းတမ်းများ ပြုပြင်ရေးဆွဲခြင်း။
  • စာမေးပွဲမေးခွန်းများပြုစုခြင်း၊ စာမေးပွဲအဖြေလွှာများအား စစ်ဆေးခြင်း၊ စာမေးပွဲအောင်စာရင်းထုတ်ပြန်ခြင်း။
  • သင်တန်းသုံးစာအုပ်စာစောင်များအတွက် စာမူများရေးသားပြုစုခြင်း၊ သုတေသနလုပ်ငန်းများ လုပ်ဆောင်ခြင်း။
  • ဌာနရှိ စက်ကိရိယာပစ္စည်းများကို ထိန်းသိမ်းစောင့်ရှောက်ခြင်းလုပ်ငန်းများကို ကြီးကြပ်ခြင်း။
  • ဆရာ၊ဆရာမများ၏ ပညာအရည်အချင်းနှင့် သင်ကြားရေးစွမ်းရည် တိုးတက်မြှင့်မားလာစေရေး စီမံဆောင်ရွက်ခြင်း။
  • သင်ကြားရေးဆရာ၊ဆရာမများ၏ သင်ကြားရေးအခက်အခဲများကို ကူညီဖြေရှင်းပေးခြင်း။
  • မိမိဌာနရှိ သင်ကြားရေးဝန်ထမ်းများ၏ စာတွေ့လက်တွေ့၊ သင်ကြားပြီးစီးမှု အခြေအနေများ အချိန်နှင့် တပြေးညီ ဆောင်ရွက်ပြီးစီးမှု ရှိ/မရှိ ကြည့်ရှုစစ်ဆေးခြင်း
  • လက်တွေ့သင်ခန်းစာများကို ကျွမ်းကျင်ပိုင်နိုင်စွာ လက်တွေ့သရုပ်ပြခြင်း။
  • လက်တွေ့ခန်း/ဓါတ်ခွဲခန်းများရှိ စက်ကိရိယာပစ္စည်းများကို ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် လက်တွေ့သင်တန်းများအတွက် စနစ်တကျထုတ်ပေးခြင်း၊ ထုတ်ယူမှုမှတ်တမ်းထိန်းသိမ်းခြင်းများကို စိစစ်ကြီးကြပ်ခြင်း။
  • စက်ကိရိယာကိုင်တွယ်မှုများကို ကျွမ်းကျင်မှုရှိအောင် သင်ကြားလေ့ကျင့်ပေးခြင်း။

၃။ ကထိက/လက်ထောက်ကထိက/နည်းပြ တာဝန်ဝတ္တရားများ

  • ဌာနမှူးအား တာဝန်ခံခြင်း။
  • သင်ရိုးညွှန်းတမ်းများနှင့်အညီ သင်ကြားပို့ချပေးခြင်း၊ လက်တွေ့ပြခြင်း။
  • အခါအားလျှော်စွာ သင်ရိုးညွှန်းတမ်းများနှင့်အညီ သင်ကြားပို့ချပေးခြင်း၊ လက်တွေ့ပြသခြင်း။
  • စာမေးပွဲမေးခွန်းများ ပြုစုခြင်း၊ စာမေးပွဲအဖြေလွှာများ စစ်ဆေးခြင်း၊ စာမေးပွဲအောင်စာရင်းထုတ်ပြန်ခြင်း။
  • သင်တန်းသုံးစာအုပ်စာစောင်များအတွက် စာမူများရေးသားပြုစုခြင်း၊ သုတေသနလုပ်ငန်းများ လုပ်ဆောင်ခြင်း။
  • ဌာနရှိ ဓါတ်ခွဲခန်းများကို ကြီးကြပ်ဆောင်ရွက်ခြင်း၊ ဓါတ်ခွဲခန်းသုံးပစ္စည်းများကို ထိန်းသိမ်းစောင့်ရှောက်ခြင်းလုပ်ငန်းများကို ထိန်းသိမ်းစောင့်ရှောက်ခြင်းလုပ်ငန်းများကို ကြီးကြပ်ခြင်း။
  • လက်တွေ့သင်ခန်းစာများကို ကျွမ်းကျင်ပိုင်နိုင်စွာ လက်တွေ့သရုပ်ပြခြင်း။
  • လက်တွေ့ခန်း/အလုပ်ရုံများရှိ စက်ကိရိယာပစ္စည်းများကို ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် လက်တွေ့သင်တန်းများအတွက် စနစ်တကျထုတ်ပေးခြင်း၊ ကုန်ကျမှုမှတ်တမ်းထိန်းသိမ်းခြင်းများကို အနီးကပ်ကြီးကြပ်ခြင်း။
  • စက်ကိရိယာကိုင်တွယ်မှုများကို ကျွမ်းကျင်မှုရှိအောင် သင်ကြားလေ့ကျင့်ပေးခြင်း။
  • ကျောင်းသား၊ကျောင်းသူများ အကျင့်စာရိတ္တကောင်းမွန်ရေး၊ သတ်မှတ်ထားသော စည်းကမ်းများအတိုင်း လိုက်နာဆောင်ရွက်စေရေး သွန်သင်ဆုံးမပေးခြင်း။


၄။ ဓါတ်ခွဲကျွမ်းကျင်(၂)(၃)(၄)(၅)တို့၏ တာဝန်ဝတ္တရားများ

  • ဘာသာရပ်ဌာနများ၏ လက်တွေ့သင်ခန်းစာများကို သင်ကြားရေးဆရာက လက်တွေ့သရုပ်ပြရာတွင် ကောင်းမွန်ပြည့်စုံစွာ ပြသနိုင်ရေး ပံ့ပိုးဖြည့်ဆည်းပေးခြင်း။
  • လက်တွေ့ခန်း/အလုပ်ရုံများရှိ စက်ကိရိယာပစ္စည်းများကို ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် လက်တွေ့သင်တန်းများအတွက် စနစ်တကျထုတ်ပေးခြင်း၊ ကုန်ကျမှုမှတ်တမ်း ထိန်းသိမ်းခြင်းများကို ဘာသာရပ်ဌာနမှူး၏ လမ်းညွှန်ချက်ဖြင့် ရာထူးအဆင့်အလိုက် တာဝန်ခွဲဝေ ဆောင်ရွက်ခြင်း။
  • လက်တွေ့သင်ခန်းစာများ၊ စက်ကိရိယာကိုင်တွယ်မှုများကို ကျွမ်းကျင်မှုရှိအောင် သင်ကြားလေ့ကျင့်ထားခြင်း။