Breaking News

အမေးအဖြေကဏ္ဍများ


မိမိသိလိုသော မေးခွန်း၏အဖြေများကိုကြည့်ရန် + သင်္ကေတကို နှိပ်ပြီးဝင်ရောက်လေ့လာနိုင်ပါသည်။


၁။ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းများနှင့်ပတ်သက်သော အထွေထွေ ဗဟုသုတများ

ပညာရေး၀န်ကြီးဌာနလက်အောက်မှာရှိပြီး နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန အုပ်ချုပ်မှုအောက်မှာရှိပါသည်။
ထောက်ပံ့ကြေး တစ်လ ၃သောင်းကျပ် ရပါသည်။ စာမေးပွဲကျပါက မရပါ။ ပြန်လည်အောင်မြင်ပါ ပြန်ရပါတယ်။ လက်တွေ့ကာလ ထောက်ပံ့ကြေးမရပါ။
GTIကျောင်းများမှ ထူးချွန်စွာအောင်မြင်ကြသည့် တစ်နိုင်ငံလုံး၏ ၁၀%နှုန်း နည်းပညာတက္ကသိုလ်(TU)များသို့ ဆက်လက် ပညာသင်ကြားခွင့် ရမည်ဖြစ်ပါသည်။ TU ပေါင်းကူးခွင့်နှင့်ပတ်သတ်ပြီး ယခုထိတော့ ပေါင်းကူးရှိပါသည်။ ပေါင်းကူးခွင့်သတ်မှတ်ချက်အတိုင်း တက်ရောက်ခွင့်ရပါမည်။
အစိုးရနည်းပညာအထက်တန်းကျောင်း(GTHS)မှ ထူးချွန်စွာအောင်မြင်သူများ၊ တက္ကသိုလ်ဝင်တန်း(ရူပဗေဒနှင့်ဓာတုဗေဒ)ဘာသာပါသော ဘာသာတွဲဖြင့် အောင်မြင်ထားသူများ နှင့် SMVTIမှ ထူးချွန်သူများ ဖြစ်ကြပါသည်။ တက္ကသိုလ်ဝင်တန်းအောင်မြင်ထားသူများအား (အင်္ဂလိပ်၊ သင်္ချာ) နှစ်ဘာသာပေါင်းရမှတ်ဖြင့် ရွေးချယ်ခေါ်ယူမည်ဖြစ်ပါသည်။
လျှောက်ထားသောကျောင်းမှာသာ သင်တန်းပြီးဆုံးသည်အထိ သင်ကြားရမည်ဖြစ်ပါသည်။ မိဘများ(ဝန်ထမ်း) အလုပ်တာ၀န်ပြောင်းပါက ကျောင်းပြောင်းကို စဉ်းစားပေးပါသည်။

၂။ A.G.T.I ပထမနှစ်ဝင်ခွင့်နှင့်ပတ်သက်သော အမေးအဖြေများ

ဝင်ခွင့်လက်ခံမည့်ကျောင်းသားအရေအတွက်ထက် များနေပါက ဝင်ခွင့်ဖြေဆိုရန် လိုအပ်ပါသည်။
ကန့်သတ်ထားပါတယ်။ တစ်မေဂျာလျှင် ကျောင်းသား/သူဦးရေ (၅၀) နှုန်းနှင့် (၃)မေဂျာအတွက် ပျမ်းမျှ (၁၅၀)ခန့် လက်ခံပါတယ်။
ကျောင်းသို့ လူကိုယ်တိုင်လာရောက်ယူ၍ဖြစ်စေ
ကျောင်းWebsite၏ ဤနေရာတွင် Download ရယူ၍ဖြစ်စေ
ရယူနိုင်ပါသည်။

(က) တက္ကသိုလ်ဝင်တန်း အောင်မြင်ထားသူများအတွက်    (Download here)

(ခ) GTHS အထူးအောင်မြင်ပြီးသူများအတွက်        (Download here)
၁။ မြို့ပြအင်ဂျင်နီယာ
၂။ လျှပ်စစ်စွမ်းအားအင်ဂျင်နီယာ
၃။ စက်မှုအင်ဂျင်နီယာ တို့ဖြစ်ပါသည်။
(က) တက္ကသိုလ်ဝင်တန်း အောင်မြင်ထားသူများအတွက်
 ၁။ သက်ဆိုင်ရာကျောင်းဝင်ခွင့်ဖောင်
 ၂။ ဆယ်တန်းအောင်လက်မှတ် (မိတ္တူ)
 ၃။ အမှတ်စာရင်း (မူရင်း)
 ၄။ ကျောင်းသား နှင့် မိဘ မှတ်ပုံတင် (မိတ္တူ)
 ၅။ အိမ်ထောင်စုဇယား မိတ္တူ (မူရင်း ပြရန်)
 ၆။ ရပ်ကွက်ထောက်ခံစာ
 ၇။ ဆေးထောက်ခံစာ
 ၈။ ပတ်စပို့စ်ဓာတ်ပုံ (၅)ပုံ (ရှပ်အင်္ကျီအဖြူ သို့ သတ်မှတ်ထားသော ကျောင်းဝတ်စုံ)

(ခ) GTHS အထူးအောင်မြင်ပြီးသူများအတွက်
 ၁။ သက်ဆိုင်ရာကျောင်းဝင်ခွင့်ဖောင်
 ၂။ GTHS အောင်လက်မှတ် (မူရင်း)
 ၃။ ကျောင်းသား နှင့် မိဘ မှတ်ပုံတင် (မိတ္တူ)
 ၄။ အိမ်ထောင်စုဇယား မိတ္တူ (မူရင်း ပြရန်)
 ၅။ ရပ်ကွက်ထောက်ခံစာ
 ၆။ ဆေးထောက်ခံစာ
 ၇။ ပတ်စပို့စ်ဓာတ်ပုံ (၅)ပုံ (ရှပ်အင်္ကျီအဖြူ သို့ သတ်မှတ်ထားသော ကျောင်းဝတ်စုံ)
ကျောင်းဝင်ခွင့်ဖောင်နှင့်အတူ ပတ်စပို့စ်ဓာတ်ပုံ (၅)ပုံ (ရှပ်အင်္ကျီအဖြူ သို့ သတ်မှတ်ထားသော ကျောင်းဝတ်စုံ)သာ လိုအပ်ပါသည်။
ကျောင်းတွင်း အဆောင်လျှောက်ထားနိုင်ပါသည်။

၃။ ကာလတိုသင်တန်းဝင်ခွင့်နှင့်ပတ်သက်သော အမေးအဖြေများ

ကျောင်းသို့ လူကိုယ်တိုင်လာရောက်ယူ၍ဖြစ်စေ
ကျောင်းWebsite၏ ဤနေရာတွင် Download ရယူ၍ဖြစ်စေ
ရယူနိုင်ပါသည်။

   (Download here)
သင်တန်းအမျိုးအစားအလိုက် သင်တန်းချိန် နာရီ(၆၀) သို့မဟုတ် နာရီ(၄၀)အမျိုးမျိုးရှိပါသည်။
သင်တန်းသားဦးရေ (၂၀) ကန့်သတ်ထားပါသည်။
သတင်းစာများ၊ ကျောင်း၏ ဖေ့ဘုတ် စာမျက်နှာနှင့် ဝက်ဆိုက်များတွင် ကြော်ညာထားပါမည်။